ဤမိသားစုစခန်းအားစီစဉ်သူများကမိသားစုအဖွဲ့အစည်း၏အရေးပါမှုကိုအလေးထားသဖြင့်နှစ်စဉ်နှစ်တိုင်းေ ဆာင်ကရမ်းပွဲတော်မတိုင်မီဧပြီလ၌မိသားစုစခန်းအားစီစဉ်ကျင်းပပေးနေပါသည်။မိသားစုဝင်များကမိမိတို့မိ သားစုအတွက်အချိန်ပေးပြီးမိမိတို့မိသားစုဝင်များအကြားဆက်ဆံရေပိုမိုအားကောင်းလာစေရန်နှင့်မိမိတို့၏ အတွေ့အကြုံများအားမိသားစုဝင်အခြင်းခြင်းမျှဝေနိုင်စေရန်ရည်ရွယ်ချက်ဖြင့်ကျင်းပပေးခြင်းဖြစ်သည်။ |
ပစ်မှတ်အုပ်စ ဤမိသားစုစခန်းလှုပ်ရှားမှုအားစိတ်ဝင်စားသည့်မည်သူမဆိုပါဝင်နိုင်မှာဖြစ်ပြီး အုပ်စုတစ်ခုတွင်ခန့်မှန်းခြေအားဖြင့်မိသားစုဝင်တစ်ခုတည်းမှ လူ ၄ ဦးခန့်ပါဝင်ရမှာဖြစ်သည်။ မိသားစုဝင်တစ်ခုမှငယ်ရွယ်သောအဖွဲ့ဝင်သည်အနည်းဆုံးအသက်၅နှစ်နှင့်အထက်ရှိရမည်ဖြစ်၍အသက်၁၃ နှစ်ထက်မကြီးစေရပါ။ ဤမိသားစုစခန်းသည်တစ်နှစ်တကြိမ်သာကျင်းပပြီးမိသားစု ၂၀စုထက်ပို၍ပါဝင်ဆင်နွှဲနိုင်မည်မဟုတ်ပါ။ မိသားစုစခန်း၏ကြာရှည်ချိန်ကာလ: ၃ရက်၃ည ၁။ပညာပေးလှုပ်ရှားမှုများ၊ဥပမာအားဖြင့်ကြယ်ကြည့်ခြင်း ၊ငှက်ကြည့်ခြင်း၊ရေအောက်ကမ္ဘာအားစူးစမ်းရှာဖွေလေ့လာခြင်း၊ရေဗူးဖြင့်ဒုံးကျည်ပြုလုပ်ခြင်း၊အလုပ်ခွင်နှင့် ဆိုင်သောနည်းပညာများအားစူးစမ်းလေ့လာခြင်းတို့ဖြစ်သည်။ ၂။ပျော်ရွှင်ဖွယ်ရာလှုပ်ရှားမှုများ၊ဥပမာအားဖြင့်အုပ်စုများဆက်ဆံရေးလှုပ်ရှားမှု၊ကမ်းခြေကစားပွဲများ၊လမ်းေ လျှာက်ချီတက်ပွဲနှင့်ဘုရားပွဲများပါဝင်သည်။ မိသားစုစခန်း၌ပါဝင်သောလှုပ်ရှားမှုများမှာပုံသေသတ်မှတ်ထားခြင်းမရှိဘ နှစ်အလိုက်အပြောင်းအလဲရှိနိုင်သည် မိသားစုစခန်း၌လှုပ်ရှားမှုများစီစဉ်ဆောင်ရွက်ရခြင်း၏အဓိကအကြောင်းအရင်းမှာ မိသားစုဝင်များလှုပ်၇ှားမှုတစ်ခုတွင်အတူတကွပါဝင်၍ ချစ်ခြင်းတရားနှင့်နွေးထွေးမှုများအချင်းချင်းမျှဝေနိုင်စေရန်ဖြစ်သည်။ အခြားမိသားစုဝင်များနှင့်အတူတကွအုပ်စုဖွဲ့၍လုပ်ဆောင်ရသောလှုပ်ရှားမှုများကိုလည်းလေ့ကျင့်မှုရေး အနေဖြင့်ထည့်သွင်းထားပါသည်။ နေရာ: ပင်လယ်အနီးရှိသာယာသောဝက်ခ်ဟာစခန်း၁ ဝင်ကြေးနှင့်ကုန်ကျစရိတ်: နှစ်အလိုက်စီစဉ်သောလှုပ်ရှားမှုများပေါ်တွင်မူတည်သည်။ နေရာထိုင်ခင်း: နေရာထိုင်ခင်း၂မျိုးရှိသည်။ ၁။ကျောင်းစာသင်ဆောင်အားပြန်လည်ပြုပြင်ထားသောအိပ်ဆောင်။ဤအိပ်ဆောင်တွင်အတူမျှသုံးရသော အိပ်ခန်းများပါရှိပြီးအခန်းတိုင်းမှာခြင်လုံ၍လျှပ်စစ်မီးပါဝင်သည်။အိပ်ခန်းတစ်ခန်းအားလူ၃ဦးအသုံးပြုနိုင်ပြီး ကိုယ်ပိုင်နှင့်မျှသုံးရသောရေချိုးခန်းနှင့်အိမ်သာများပါဝင်သည်။ ၂။ကမ်းခြေပေါ်ရှိသစ်ပင်များအောက်၌ဆောက်လုပ်ထားသောရွက်ဖျင်တဲများ။ဤတဲများ၌အိပ်ယာများပါရှိပြီး တဲတစ်ခုတွင်မိသားစုတစ်စုနေထိုင်နိုင်ပါသည်။ ယူဆောင်လာရမည့်ပစ္စည်းများ ၁။အဝတ်၂စုံ၃စုံ။ ၂။အားကစားဖိနပ်၁စုံ။ ၃။ကမ်းခြေလှုပ်ရှားမှုအတွက်အဝတ်တစ်စုံ။ ၄။တကိုယ်ရည်သုံးပစ္စည်းများ၊ဥပမာအားဖြင့်ဆပ်ပြာ၊ခေါင်းလျှော်ရည်၊အောက်ခံစွပ်ကျယ်၊ဖိနပ်၊လက်နှိပ်ဓာတ်မီး၊မိမိသုံးစွဲနေရသောဆေးဝါးများ။ ၅။လှုပ်ရှားမှုများတွင်ပါဝင်နိုင်ရန်စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှု။ ဥပမာလှုပ်ရှားမှုများ ပထမနေ့ •စာရင်းသွင်းခြင်း၊နေ့လယ်စာ။ • တစ်ဦးချင်းနှင့်မိသားစုအလိုက်မိတ်ဆက်ခြင်း • ဖွင့်ပွဲအခန်းအနား • ရေအောက်ကမ္ဘာအားစူးစမ်းလေ့လာခြင်း • ဘုရင်ရာမ၄ရုပ်ထုအားလေးစားမှုပေးခြင်း • ညစာ၊ပုဂ္ဂိုရေးလှုပ်ရှားမှု • ကြယ်ကြည့်ခြင်း • အနားယူခြင်း ဒုတိယနေ့ • ငှက်ကြည့်ခြင်း ••ပုဂ္ဂိုလ်ရေးလှုပ်ရှားမှု၊မနက်စာ • ချီတက်လမ်းလျှောက်ခြင်း •နေ့လယ်စာ •လုပ်ငန်းခွင်သုံးနည်းပညာများလေ့လာခြင်း(အခြားသောအရာများတီထွင်ပြုလုပ်နိုင်ရန်) • ကမ်းခြေလှုပ်ရှားမ • ပုဂ္ဂိုလ်ရေးလှုပ်ရှားမှု၊ညစာ • ဘုရားပွဲ(မိသားစုဆက်ဆံရေးပိုမိုကောင်းမွန်လာစေရန်) • အနားယူခြင်း။ တတိယနေ့ •ပုဂ္ဂိုလ်ရေးလှုပ်ရှားမှု၊မနက်စာ • ရေးဗူးအသုံးပြု၍ပြုလုပ်သောဒုံးကျည်ပြုလုပ်ခြင်း • ဒုံးကျည်မည်သို့လွှတ်တင်ရမည်အားစမ်းသပ်ခြင်း • လှုပ်ရှားမှုပြီးမြောက်ခြင်း၊အကဲဖြတ်ခြင်၊ဓာတ်ပုံများအမှတ်တရပေးအပ်ခြင်း • နှုတ်ဆက်ခြင်း၊အခန်းအနားပိတ်သိမ်းခြင်း • နေ့လယ်စာ၊ပြန်လည်ထွက်ခွာခြင်း သတင်းအချက်အလက်များလိုအပ်ပါကဈေးကွက်ရှာဖွေရေးအဖွဲ့ (ဖုန်း၀၃၂၆၆၁၁၀၄၊လိုင်းခွဲ၁၅၊)အားဖုန်းခေါ်ဆိုဆက်သွယ်နိုင်ပါသည်။ |